Sunday, February 9, 2014

Phad See Ew ( ထိုင်းစတိုင်လ် ဆန်ပြာခေါက်ဆွဲအစပ်ကြော်...)


ဆန်ပြားခေါက်ဆွဲ..... ၀.၅ ကီလို
ပင်လယ်စာ............. ၂၀၀ ဂရမ်
ကြာ်သား(သို.)၀က်သားပါးပါးလှီး.. ၁၀၀ ဂရမ်
ကိုက်လန်............တစ်စည်း.
ပဲပင်ပေါက်...........အနည်းငယ်
ကြက်ဥ....................(၂) လုံး...
ကြက်သွန်ဖြု ၊ ငရုတ်စိမ်းတောင့်နီ....ခပ်ကြမ်းကြမ်းထောင်းထားရန်။
ထိုင်းပင်စိမ်း......အနည်းငယ်....။

ပြင်ဆင်ပုံ.....
*********
ဆန်ပြားခေါက်ဆွဲကို..ခပ်ကြီးကြီးလှီးဖြတ်ပြီး..အထပ်များကိုခွါထားရန်...။
ပင်လယ်စာကိုသန်.စင်ပြီး...သံပုရာရည်၊ ဂျင်းရိုက်ပြားဖြင့်ရေနွေးဖျောပြီး
အအေးခံထားရန်.( ကြာရှည်စွာမပြုတ်ရ)။
အသားကို..ဆားပာင်းခတ်မှုန်.တို.နှင့်နယ်ထားရန်...။

ချက်ပြုတ်ပုံ....
**********
ဒီခေါက်ဆွဲကြော်၇တာကတော့..အင်မတန်လွယ်ပါတယ်....။

ပူနေတဲ့..ဒယ်အိုးမှာဆီအနည်းငယ်ထည့်ပြီး..အသားကိုကြော်ပါ...။

ကြက်သွန်ဖြူ၊ ငရုတ်ရောထောင်းအနည်းငယ်နှင့်ဆီသတ်ပါ..။

ကြက်ဥကို ဖောက်ထည့်ပြီးအဆက်မပြတ်မွှေကြော်ပေးပါ..။

ပြီးလျှင်...ပင်လယ်စာထည့်ပေါင်းပြီးတာနဲ.ဆန်ပြားခေါက်ဆွဲ....ကိုထည့်ပါ။
ပဲငံပြာရည်အပျစ်( အနှောက်ရည်) အနည်းငယ်ထည့်ပြီး..မီးအေးအေးနဲ.ကြော်ပါ။

အားလုံးနှံ.ပြီဆိုရင်တော့..ငါးငံပြာရည်၊ ခရုဆီ၊ သကြား၊ ပာင်းခတ်မှုန်.၊အချိုမှုန်.
တို.နှင့်အရသာသွင်းပြီး..ရင်တော့မီးအရှိန်ကို..မြှင့်တင်ပါ...။

ကိုက်လန်၊ပဲပင်ပေါက်၊ထိုင်းပင်စိမ်းတို.ထည့်ပြီဆိုရင်တော့..မီးပြင်းပြင်းနှင့်....
ကြော်ပေးရပါမယ်...။ပြီးရင်..ငရုတ်ကောင်းမှုန်.ဖြူးပေးလိုက်ရင်....ကြော်
ချက်နည်းပြီးပါပြီ...။

ပဲပင်ပေါက်အစိမ်းကို..ငရုတ်ချဉ်လေးနဲ.နယ်ပြီးတွဲဖက်သုံးဆောင်ပါ...။

ဒီခေါက်ဆွဲကြော်က..လွယ်ကူပေမယ့်....အမြန်ကြော်နည်းမို...ချက်ပြုတ်သူကိုတော့အနည်းငယ်..ပင်ပန်းစေပါတယ်။ တစ်ခါတည်းနဲ.အများကြီးမကြော
သင့်ပဲ မီးဖိုအရှိန်၊ အိုးပမာဏတို.ပေါ်မူတည်ပြီး..(၃) ယောက်စာမှ(၅) ယောက်စာစီခွဲပြီးကြော်သင့်ပါတယ်..။

No comments:

Post a Comment