Sunday, February 9, 2014

ငါးကြွပ်ကြော်နှင့် ချိုချဉ်စပ်ဆော့စ် ( Deep Fried Fish with Hot & Sour Sauce)

ဒါကတော့..ထိုင်းရိုးရာစစ်စစ်( အိမ်တွေမှာ စားသောပုံစံမျိုး ဖြစ်သည်..။ဒေသကွဲရင်
ချက်နည်းလည်းကွဲပြားပေအုံးမည်...။ကျွန်တော့်အကြိုက်ဆုံးပာင်းပွဲတစ်ခု
လည်းည်းဖြစ်သည်...။အလွန်ရိုးရှင်းလွယ်ကူသောနည်းဖြစ်သည်....။

ငါးကြွပ်ကြော်နှင့် ချိုချဉ်စပ်ဆော့စ် ( Deep Fried Fish with Hot & Sour Sauce)
************************************************

ပါဝင်ပစ္စည်းများ...

ှုငါးမုတ်( ကြီးကြီး ) ...................(၁) ကောင်
ကြက်သွန်နီ.............................(၁) လုံး (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်ဖြူ............................(၅) တက်
ငရုတ်သီးစိမ်းတောင့်နီ................(၅) တောင့်
နံနံပင်အမြစ်............................ ( ၁ ) ဇွန်း (ထမင်းစားဇွန်း)
မန်ကျည်းသီးမှည့်.....................( ၂) ဇွန်း ( ရေနွေးစိမ်ပြီးအနှစ်တိုက်ထားပါ)
ငါးငံပြာရည်.............................(၂) ဇွန်း
သကြား...................................( ၃) ဇွန်း
နံနံပင်.................................... အနည်းငယ်..။

ပထမဦးဆုံးငါးမုတ်ကိုသန်.စင်ပြီး..ဓါးဖြင့်( ၂) ဖက်လုံးကို(၃) ချက်စီလောက်မွှန်းပြီးဆား၊ ပာင်းခတ်မှုန်.အနည်းငယ်နှင့်နှပ်ထားပါ..။

ကြက်သွန်ဖြူ ၊ ငရုတ်သီးနီ၊ နံနံပင်အမြစ်တို.ကိုညှက်နေအောင်ထောင်းပါ.
(နုပ်နုပ်စဉ်းပြီးမှ..ထောင်းလျှင်ပိုညှက်လွယ်ပါသည်)

ဆားနယ်ထားသောငါးကို..ဂျုံမှုန်.အနည်းငယ်ကပ်လူးပြီး..မီးအေးအေးမှာ
ကြွပ်နေအောင်ကြော်ပြီးဆီစစ်ထားပါ...။

ထို.နောက်..ဒယ်အိုးတစ်လုံးတွင်ဆီအနည်းငယ်နှင့်နုပ်နုပ်စဉ်းထားသော
ကြက်သွန်နီကိုဆီသတ်ပါ။ကြက်သွန်နွမ်းလာလျှင်...ထောင်းထားသောအရောကိုထည့်ပေါင်းဆီသတ်ပါ..။ သကြား၊ ငါးငံပြာရည်၊ မန်ကျည်းမှည့်အနှစ်များထည့်ပေါင်းအရသာသွင်း
ပြီး..စေးထန်းထန်းပုံစံရသည်အထိကြော်ချက်ပါ.....။

ပြီးတော့မှ..ကြွပ်နေအောင်ကြော်ထားသောငါးပေါ်သို.လောင်းချပြီး...နံနံပင်အပင်လိုက်(သို.) ပင်စိမ်းရွက်လေးများဖြင့်အလှဆင်ပါ...။

မှတ်ချက်။ ။ဒီပာင်းချက်လျှင် အနည်းငယ်ညှော်နိုင်ပါသည်။ ငါးမုတ်မရသောကြောင့်ပုံတွင်ကကတစ်ငါးမျိုးအသုံးပြုထားပါကြောင်း..။
ငါးမုတ်ဖြင့်ကြော်လျှင်ပိုမိုကောင်းမွန်ပါသည်..။

No comments:

Post a Comment